ရန်ကုန်မြို့က အစားအသောက် အရောင်းဆိုင်တွေကတော့ အရင်ကနဲ့မတူတဲ့ ယှဉ်ပြိုင်စိန်ခေါ်စရာတွေ ပေါ်လာပြီလို့ ပြောရမလိုဖြစ်နေပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်၊ ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေါင်းစပ်ထားတဲ့ ပြည်ပက အစားအသောက်ရောင်းချတဲ့လုပ်ငန်းတွေက ၀င်ရောက်လုပ်ကိုင်လာကြပါပြီ။ ဒီလို လက်လီရောင်းချတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ဈေးကွက်ထဲမှာယှဉ်ပြိုင်လုပ်ကိုင်ကြတဲ့နေရာမှာ အပြင်အဆင်နဲ့ ၀န်ဆောင်မှုက အရေးကြီးနေပြီလား။ ကိုကျော်လင်းအေး က ပြောပြပေးသွားမှာဖြစ်ပါတယ်။