မိုဘိုင်းနှင့်အင်တာနက်ဆက်သွယ်ရေးသိပ်သည်းဆ(၁၀)ရာခိုင်နှုန်းတိုးလာတိုင်း တိုင်းပြည်ရဲ့ ဂျီဒီပီ (၁.၃)ရာခိုင်နှုန်းတိုးလာကြောင်း ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောဆိုလိုက်သည်။
နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစင်တာမှာ သြဂုတ်လ(၁၄) ရက်နေ့ကပုလုပ်ခဲ့တဲ့အ်ာရီဒူးအော်ပရေတာရဲ့ဈေးကွက်စတင်ကြောင်းကြေငြာတဲ့ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာဆက်သွယ်ရေး၏ မှတ်တမ်းများတွင် လက်ရှိမြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ထိုးဖောက်နိုင်မှုမှာ ရာခိုင်နှုန်း(၂၀)ကျော်ရှိသည်ဟု ဖော်ပြထားပြီး ၂၀၁၆ ခုနှစ်တွင် ရာခိုင်နှုန်း (၈၀)အထိရောက်ရှိဖို့ မျှော်မှန်းထားသည်။