အခုတော့ မီးဖိုဆောင်ထဲကအိမ်ရှင်မတွေအကြောင်းကိုပြောပြပါအုံးမယ်။ မိသားစုစားသောက်ဖို့အတွက် ထမင်းဝိုင်းတခုဖြစ်လာဖို့ စီမံခန့်ခွဲရတာလည်းသူတို့အတွက် မလွယ်ကူလှပါဘူး။ ဟင်းတွေကတနေ့တမျိုးမရိုးရအောင် ပြောင်းလဲချက်ပြုတ်ရသလိုအဟာရရှိတဲ့ အစားအသောက်တွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒီလိုဖြစ်လာရေးအတွက် ဘယ်လိုများအခက်အခဲတွေ ကြုံနေကြသလဲ။ မရှုမ၀အောင်ရဲ့ တွေ့ဆုံမေးမြန်းချက်တွေနဲ့အတူအခုပဲ ကြည့်ကြရအောင်ပါ။