Skip to playerSkip to main content
  • 9 years ago
အသေးစားနဲ့ အလတ် စီးပွားရေးလုပ်ငန်းတွေအတွက် ကုမ္ပဏီမှတ်ပုံတင်ကြေးဖြေလျှော့ပေးသွားဖို့ အစိုးရကိုတင်ပြပေးသွားတော့မှာဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ ဒီအတွက် အချိန် ၁ လယူသွားမယ်လို့လည်းပြောပါတယ်။
လက်ရှိအချိန်မှာတော့ လုပ်ငန်းကြီးနဲ့ လုပ်ငန်းငယ်တွေပါ မှတ်ပုံတင်ကြေး ၁၀ သိန်းပေးနေရပြီးလုပ်ငန်းငယ်တွေအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏအလိုက် ဖြေလျှော့ပေးသွားဖို့ စီစဉ်တာဖြစ်ကြောင်းပြောပါတယ်။
ဒီလိုဖြေလျှော့ပေးဖို့ရှိနေတဲ့နေရာမှာ နိုင်ငံတော်ကရရှိမယ့် မှတ်ပုံတင်ကြေးလည်းလျှော့မသွားအောင်နဲ့ လုပ်ငန်းရှင် တွေအတွက်လည်းသက်သက်သာသာနဲ့ အလုပ်လုပ်ကိုင်နိုင်အောင်ချိန်ညှိုပြီးတွက်ချက်သွားမှာ ဖြစ်တယ်လို့လည်းညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးအောင်နိုင်ဦးကပြောပါတယ်။

Category

🗞
News

Recommended