ရန်ကုန်မြို့ပေါ်မှာ ခွင့်ပြုချက်မရှိပဲဆောက်လုပ်နေတဲ့ အဆောက်အအုံတွေ ပိုများလာနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာအဆောက်အအုံဌာနကပြောပါတယ်။ ဒါကအရေးယူမှု အားနည်းချက်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေ ထပ်မဖြစ်လာဖို့ ဘယ်လိုပြောင်းလဲအရေးယူသွားမယ်ဆိုတာကိုတော့ ကိုကျော်လင်းအေးကတင်ပြပေးသွားမှာဖြစ်ပါတယ်။