အိမ်ကွင်းအသုံးပြုခွင့် ပြန်လည်တောင်းခံခဲ့တဲ့ ကမ္ဘောဇအသင်းရဲ့ သတင်းပါပဲ။ ရှမ်းပြည်နယ် ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ကလပ် ကမ္ဘောဇအသင်းဟာ တောင်ကြီးမြို့မှာရှိတဲ့ အိမ်ကွင်းကို ဒေသခံတွေရဲ့ တောင်းဆိုမှုကြောင့် ပြန်လည် အပ်နှံခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့လိုအပ်ချက်ကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ တာဝန်ရှိသူတွေနဲ့ အားကစားဝန်ကြီးဋ္ဌာန တို့ညှိုနှိုင်းပြီး ပြန်အသုံးပြုခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။