မကြာသေးခင်က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဧပြီလ ၁ ရက်နေ့ကနေစပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံသွားတော့မှာဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံလိုက်ရတာဟာ လျှပ်စစ်မီးမရတဲ့ဒေသတွေအတွက် လျှပ်စစ်မီးရရှိဘို့ဆိုတဲ့ အကြောင်းပြချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အစိုးရကလုပ်ဆောင်နေတဲ့ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး အစီအစဉ်တွေကို သတင်းထောက် ရှုမ၀အောင်က သွားရောက်လေ့လာထားပြီး တင်ပြပေးသွားမှာဖြစ်ပါတယ်။