ဘဏ်အပ်ငွေနည်းပါးနေ
GDP ရဲ့ ၅ ရာခိုင်နှုန်းနီးပါးသာရှိဟု ဘဏ်အသင်းဥက္ကပြော
တင်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံက ဘဏ်တွေမှာရှိနေတဲ့ စုစုပေါင်းအပ်ငွေပမာဏနဲ့ ပက်သက်တဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဘဏ်အသင်းရဲ့ ပြောဆိုချက်အရ နိုင်ငံအတွင်းမှာရှိနေတဲ့ ဘဏ်တွေမှာ ပြည်သူတွေရဲ့ အပ်ငွေပမာဏဟာ ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေဟာ ရှိသင့်တဲ့ပမာဏအတွက် အနိမ့်ဆုံးမှာရောက်နေပြီး ဒီထက် လျော့သွားမယ်ဆိုရင်တော့ နိုင်ငံ့စီးပွားရေးအတွက် ပြဿနာတွေရှိလာနိုင်ကြောင်း စီးပွားရေးပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။