Skip to playerSkip to main content
  • 9 years ago
လက်ရှိဖြစ်ပေါ်လျှက်ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်ခံရမှုများဖြစ်စဉ်များက အရပ်သား NLD အစိုးရကို စိန်ခေါ်လျှက်ရှိပြီး ရခိုင်ပြည်နယ်တွင် နေရာအများဆုံးအနိုင်ရရှိထားသည့် ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က အစိုးရအနေဖြင့် ရခိုင်အရေးကို ကိုင်တွယ်နိုင်ခြင်းမရှိ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ပေးရန် တောင်းဆိုသည်။

အာဏာရ NLD ပါတီမှ အမတ်တဦးဖြစ်သူ ဦးလွင်ကိုလတ်ကမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အရပ်သားအစိုးရ၏ လက်အောက်တွင်ရှိ၍ ကာလုံသီးသန့်ခေါ်ရန်မလိုဘဲ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်သာလိုကြောင်း၊ ရခိုင်အရေးကို အရပ်သားအစိုးရအနေဖြင့် ကိုင်တွယ်နိုင်ကြောင်း ပြောသည်။

Category

🗞
News

Recommended