ရှမ်းပြည်နယ် ဓာတ်ပုံအသင်းရဲ့ ပုဂံခရီးစဉ်ဓာတ်ပုံပြိုင်ပွဲဆုရဓာတ်ပုံများဆုချီးမြင့်ပွဲနှင့် အသင်းသားများ တွေ့ဆုံပွဲကို မေလ၁ ရက်ညပိုင်းက တောင်ကြီးမြို့ရှိ Classic စားသောက်ဆိုင်ခန်းမမှာကျင်းပခဲ့ပါတယ်။ ပုဂံခရီးစဉ်ဓာတ်ပုံပြိုင်ပွဲမှာ ဆုရ ဓာတ်ပုံဆရာများအား ပထမ ကျပ်၂သိန်း၊ဒုတိယ ၁သိန်းခွဲ ၊တတိယ ၁သိန်း နှင့် နှစ်သိမ့်ဆု သုံးဆု ကျပ်ငါးသောင်းစီ နှင့် ဂုဏ်ပြုမှတ်တမ်းချီးမြင့်ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ် ဓာတ်ပုံအသင်း၏ အဆိုပါတွေ့ဆုံပွဲနှင့် ဆုချီးမြင့်ပွဲကို မန္တလေး ဓာတ်ပုံ အသင်းဥက္ကဌ ဦးစိုးမင်း၊ ရှမ်းပြည်နယ် ဓာတ်ပုံအသင်း ဥက္ကဌ ဦးတင်မောင်ထူးနဲ့ ရှမ်းပြည်နယ် ဓာတ်ပုံအသင်းဝင်များမှ လူဦးရေ ၈၀ကျော်တက်ရောက်ခဲ့ကြပါတယ်။