Skip to playerSkip to main content
  • 9 years ago
ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တဲ့ မြန်မာတောင်တက်အဖွဲ့ ရဲ့တောင်တက်အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၇ရက်နေ့ ကကန်တော်ကြီးပဲလေ့စ်ဟိုတယ် မှာပြုလုပ်ခဲ့သည်။ မြန်မာတောင်တက်သမားတွေဟာ အခက်အခဲအမျိုးမျိုးကြားကနေ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံလွှင့်ထူနိုင်ဖို့ သက်စွန့်စံဖျားကြိုးပမ်းခဲ့ရပြီး၊ တောင်တက်စခန်း ၁ အနီးမှာ ရေခဲပြိုကျမှုအန္တရာယ် နဲ့ပါကြုံတွေ့ခဲ့ရတာပါ။ အမြင့်ပေ၂၉၀၂၉ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်ကို ထူးဖောင်ဒေးရှင်းရဲ့စီစဉ်မှုဖြင့် ကိုညီညီအောင်(ခ) ဒိုးလုံး၊ ကိုဝင်းကိုနဲ့ ပြည့်ဖြိုးအောင် တို့အဖွဲ့ဝင် သုံးဦးပါဝင်တဲ့မြန်မာတောင်တက် အဖွဲ့ဟာမေလ၁၉ ရက်နေ့မှာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး၊ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး တက်ရောက်နိုင်ခဲ့တာလဲဖြစ်ပါတယ်။

Category

🗞
News

Recommended