အများသုံး အမျိုးသမီး အိမ်သာတစ်ခုထဲ ပိုင်စိုးပိုင်နင်း ဝင်အိပ်နေတဲ့ ဖျံကြီး တစ်ကောင်ကို ဩစတြေးလျက တာဝန်ရှိသူတွေက သူနဲ့ သက်ဆိုင်တဲ့ နေရာကို ပြန်လည် ပို့ဆောင်ပေးခဲ့ရပါတယ်။ ဩစတြေးလျ တောင်ပိုင်းရှိ တက်စ်မေးနီးယား ကျွန်းပေါ်က အိမ်သာတစ်လုံးထဲမှာ အဲဒီ ဖျံကြီး ဝင်အိပ်နေ တာကို ဇူလိုင် ၂၆ ရက်မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ လူကို အန္တရာယ်ပေးလေ့ မရှိပေမယ့် ဩစတြေးလျ မျိုးနွယ် ဖျံကြီးတွေဟာ အရွယ်အစား ကြီးမားတဲ့ ဧရာမ သတ္တဝါတွေဖြစ်ကြပါတယ်။