Skip to playerSkip to main content
  • 9 years ago
မိုင်ဂျာယန်အစည်းအဝေးဒုတိယနေ့ ဇူလိုင် ၂၇ ရက်မှာ အစိုးရနဲ့ဆွေးနွေးရာမှာ စွဲကိုင်ထားရမယ့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ မူရှစ်ချက်ကို အဖွဲ့အားလုံးက လက်ခံသဘောတူလိုက်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မိုင်ဂျာယန်တိုင်းရင်းသားလက်နက်ကိုင်စုံညီအစည်းဝေး တတိယနေ့ ဇူလိုင် ၂၈ ရက်မှာ ဆက်လက်ဆွေးနွေးလျက်ရှိပါတယ်။ အစည်းအဝေးကို ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ လေးရက်ကြာကျင်းပမှာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့စုစုပေါင်း ၁၇ ဖွဲ့တက်ရောက်နေတာဖြစ်ပြီး "ဝ"၊ မိုင်းလား၊ တအောင်းပလောင်နဲ့ ကိုးကန့်အဖွဲ့လေးဖွဲ့ကတော့ တက်ရောက်ခြင်းမရှိပါဘူး။

Category

🗞
News

Recommended