Skip to playerSkip to main content
  • 9 years ago
အိုင်အက်စ်အဖွဲ့က ခြိမ်းခြောက်တဲ့စာရင်းမှာပါနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
အိုက်အက်စ်အဖွဲ့က တိုက်ခိုက်တဲ့ လုပ်ပုံလုပ်နည်းတွေကိုလည်း အလေးထားလေ့လာဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အိုင်အက်စ်အဖွဲ့ရဲ့ခြိမ်းခြောက်မှုခေါင်းစဉ်နဲ့ မလေးရှားရဲတပ်ဖွဲ့ကိုပေးပို့တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်စာရင်းမှာထည့်သွင်းထားတယ်လို့ မလေးရှားအခြေစိုက်သတင်းတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစု ကြည် မလေးရှားနိုင်ငံကိုသွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့လအတွင်းကထွက်ခဲ့ပေမယ့် ခရီးစဉ်က ညှိနှိုင်း ဆဲပဲဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လတ်တလော နေပြည်တော်မှာသာနေထိုင်လျက်ရှိပြီး ဒီနေ့ သြဂုတ် ၄ ရက်မှာလည်း ပညာရေးမြှင့်တင်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

Category

🗞
News

Recommended