ဇာဂနာဦးဆောင်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ဟာ ဒီနှစ်လကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံနေရာအနှံ့ အငြိမ့်ပွဲတွေအခမဲ့ဖျော်ဖြေသွားတော့မှာပါ။ အရင်ခေတ်တွေက နိုင်ငံရေးပြက်လုံးပြက်ရင် လူကြိုက်များပေမယ့် ခုချိန်မှာတော့ နိုင်ငံရေးပြက်လုံးပါးပါးလေးပဲလုပ်ပြီး ခေတ်ကိုသရော်တဲ့ ခေတ်သစ်ပြက်လုံးတွေကိုပဲ အဓိကဦးစားပေးဖျော်ဖြေသွားမှာပါလို့ သီးလေးသီးအဖွဲ့ဝင် ကိုပန်းသီးက အခုလိုပြောပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး