လက်ရှိ ပါတီတွင်း အရေးပါတဲ့နေရာတွေကို လူငယ်တွေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့က အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ရှစ်ရာကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အဲဒီထဲမှာ ၃၅နှစ်အောက်လူငယ် ၃၅ ဦးသာ ပါဝင်ခဲ့တယ်လို့သိရပါတယ်။
သွေးသစ်လောင်းနိုင်ဖို့အတွက် တိုင်းနဲ့ပြည်နယ်အဆင့် ပါတီဖွဲ့စည်းပုံမှာ လူငယ်နဲ့အမျိုးသမီးပါဝင်မှုကို တိုးမြှင့်မယ်လို့ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ပြောပါတယ်။
ဖွဲ့စည်းခဲ့တာ ၂၈နှစ်ကြာခဲ့ပြီဖြစ်တဲ့ တစညပါတီရဲ့ နှစ်ပတ်လည်ပွဲကို ဒီကနေ့ ရန်ကုန်ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်