ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အကြိုညီလာခံကို ဒီနေ့ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်ထိ မြေပုံမြို့၊ မြို့နယ်ခန်းမမှာ စတင်ကျင်းပနေပါတယ်၊၊ ရခိုင်ပြည်နယ်ရှိ တောင်သူလယ်သမားများတွေရဲ့ လူနေမှုဘဝ အကျိုးစီးပွားမြှင့်တင်နိုင်ရေး၊ တည်ဆဲဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲမြေယာသိမ်းဆည်းခံထားရမှုတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အကြိုညီလာခံကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။ တောင်သူလယ်သမား အကြိုညီလာခံကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်ဦးရေ ၂၀၀ ခန့် တက်ရောက်နေပြီးတော့ နောက်ဆုံးနေ့မှာတော့ ညီလာခံမှာ ဆုံးဖြတ်ချက်တွေ ချက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင်ထုတ်ပြန် နိုင်မယ်လို့ သိရပါတယ်။
(မောင်တောသတင်းထောက် မောင်ကံ ရိုက်ကူးတင်ဆက်ထားပါတယ်။)