ရွှေတိဂုံစေတီတော် ရင်ပြင်နဲ့ ပရ၀ဏ် အတွင်း မောင်းသူမဲ့လေယာဉ်နဲ့ ဒရုန်း ပျံသန်းခွင့်ကို လုံခြုံရေးအရ ပိတ်ပင်လိုက်ပါပြီ။ ပျံသန်းခဲ့ရင် ဒေသန္တရဥပဒေအပြင် သွင်းကုန်ုထုတ်ကုန်ဥပဒေနဲ့ အရေးယူသွားမယ်လို့ စေတီတော်ဂေါပကအဖွဲ့နဲ့ ခရိုင်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးအရနဲ့ အကြမ်းဖက် တိုက်ခိုက်လာမှာ စိုးတာကြောင့် အခုအခါမှာ ဥပဒေနဲ့ အရေးယူမယ့် အစီအစဉ် စတင်ရတာ ဖြစ်ပြီး လက်ရှိမှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တောင်းဆိုမှုအရ မပျံသန်းရဇုန်သတ်မှတ်လိုက်တာလို့ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်