ဦးဝင်းထိန်ကိုယ်တိုင်ရေးသားထားပြီး သမိုင်းဖြစ်ရပ်သုံးသပ်မှုစာအုပ်ဖြစ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု အမည်ရ စာအုပ်ကို ဒီကနေ့အောက်တိုဘာလ(၉)ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါပြီ။ဒီစာအုပ်ကို ရေးဖြစ်တာဟာ သမိုင်းဖြစ်ရပ်အမှန်ကို သိစေချင်တဲ့အပြင် ဒီဖြစ်စဉ်ဟာ ဦးဝင်းထိန်ရဲ့ အချိုးအကွေ့တစ်ခုလဲဖြစ်တာကြောင့် အခုလိုထုတ်ဝေခဲ့တာပါလို့ ဦးဝင်းထိန်ရဲ့ သမီးဖြစ်သူ မချစ်စုဝင်းထိန်ကပြောပါတယ်။ဒီမိတ်ဆက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့အတူ ဒီစာအုပ်နဲ့ပတ်သက်တဲ့သူတစ်ချို့လဲ တက်ရောက်ခဲ့ကြပါတယ်။ဒါ့အပြင် ဦးဝင်းထိန်အတ္ထုပတ္တိကိုလဲ မိသားစုတွေက ရေးသားထုတ်ဝေဖို့ စီစဉ်နေတယ်လို့လဲသိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး