အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးတွေနှိပ်စက်ခံရတဲ့ အမှုကို ဒီနေ့ လေးကြိမ်မြောက်ရုံးထုတ်ရာမှာ တရားလိုကို ပထမဆုံးအကြိမ်စတင်စစ်ဆေးခဲ့ပါတယ်။ တရားလိုဖြစ်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးက ဒုရဲမှုး မျိုးသိန်းကို အနောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးခဲ့တာပါ။ ဒီရုံးချိန်းမှာမှ အမှုကိုစတင်စစ်ဆေးတာဖြစ်ပြီး တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၀ ဦးကို အောက်တိုဘာ ၂၀ ရက်မှာ စစ်ဆေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တံတားမြို့နယ်တရားရုံးမှာလည်း အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်း ပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၆ ဦးကို ပုဒ်မ ၃၂၅/၃၄၄/၁၁၄ တို့ ဖြင့်တရားစွဲဆို ရုံးထုတ်ခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - ဘိုဗတီ