ဒီတစ်ပတ်တော့ အားလုံးသိတဲ့ကစားလည်း ကစားဖူးတဲ့ ရေလား ကုန်းလား ကစားနည်းလေးကိုပဲ ပြန်ပြီးမျှဝေ သွားမှာဖြစ်ပါတယ်။
ဒီကစားနည်းလေးက ရိုးရှင်းသလောက် ပျော်စရာလည်းကောင်းပါတယ်။ ကစားရတာ စည်းမျဉ်းစည်းကမ်းတွေလည်း အများကြီး မရှိဘူး။ လူဦးရေ အကန့်အသတ်လည်း မရှိပါဘူး။ ကုန်အဖြစ် သတ်မှတ်ဖို့ ကုန်းအမြင့်၊ အုတ်ခုံလိုမျိုးရှိရင်ရပါပြီ။ အမြင့်ပိုင်းကိုကုန်းအဖြစ် သတ်မှတ်ပြီး အနိမ့်ပိုင်းကို ရေသတ်မှတ်လို့ “ရေသူမကြီး ရေလားကုန်းလား” လို ခွေးရူးလုပ်ရသူကိုမေးပြီး သူကရေဆို တစ်ဖွဲလုံးက ကုန်ပေါ်ပြေးတက်ရမှာပါ။ သူက ကုန်းဆိုရင်တော့ တစ်ဖွဲ့လုံးက ရေထဲမှာနေရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ခွေးရူးလုပ်သူရဲ့ နယ်နမိတ်ထဲ ကျူးကျော်စနောက်ရင်း ဖမ်းမိတဲ့အခါ ဖမ်းခံရသူက ခွေးရူးတစ်လှည့်လုပ်ရမှာ ဖြစ်ပါတယ်။
နောက်တပတ်များမှာလည်း ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာကစားနည်းတွေကို ဖော်ထုတ်ကစားပြသွားဦးမှာ ဖြစ်ပါတယ်။
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်က မြန်မာ့ရိုးရာကစားနည်းလေးတွေကို ပုံဖော်တင်ဆက်တာဖြစ်ပြီး နောက်မျိုးဆက်သစ် ကလးငယ်တွေ ကစားနည်းတွေ သိရှိပြီး ကစားနိုင်ဖို့ ရည်ရွယ်တင်ဆက်တာ ဖြစ်ပါတယ်။
ကစားနည်းတွေဟာ နေရာဒေသအလိုက် အခေါ်အဝေါ် ဆော့ကစားပုံချင်း အနည်းငယ် ကွဲပြားမှုတွေရှိတာကြောင့် အသုံးများတဲ့ အခေါ်အဝေါ်နဲ့ ကစားနည်းပုံစံတွေကို စုစည်းတင်ဆက်ထားတာ ဖြစ်ပါတယ်။