Skip to playerSkip to main content
  • 9 years ago
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိထားတဲ့ တေးသံရှင်အိမ့်ချစ်ကတော့ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အတွက် စတင်ပြင်ဆင်နေပါပြီ။

လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ (တန်ဆောင်မုန်း လပြည့်နေ့)၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မှာဖြစ်ပြီးတော့ ဖျော်ဖြေပွဲရဲ့ လေးဆယ် ရာခိုင်နှုန်းပြင်ဆင်ပြီးပြီလို့ အိမ့်ချစ်က ပြောပါတယ်။ ဂီတနယ်ပယ်ထဲမှာ လှုပ်ရှားနေကြတဲ့ တေးသံရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ တစ်ကိုယ်တော်ရှိုးပွဲအတွက် တခြားရှိုးပွဲတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ဖို့ရှိသလို သူမကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေတယ်လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်အနေနဲ့ Emily by Eint Chit ဖက်ရှင်ဆိုင်ကိုလည်း ဖွင့်လှစ်ထားသလို လတ်တလောမှာ သီချင်းတွေဖျော်ဖြေဖြစ်နေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended