မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ အင်ဒိုနီးရှားရှိ မြန်မာသံရုံး မီးလောင်ဗုံးဖြင့် ပစ်ပေါက်ခံရဆိုတဲ့ သတင်း၊ တူရကီဒုဝန်ကြီးချုပ် တွစ်တာတွင် သတင်းအမှားဖြန့်ချိမှု အစိုးရကန့်ကွက်၍ ပြန်ဖြုတ်ပေးရဆိုတဲ့ သတင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့လာရောက်တွေ့ဆုံမည်ဆိုတဲ့ သတင်းနဲ့ ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာစမ်းသပ်နိုင်ကြောင်း မြောက်ကိုရီးယားကြေငြာ ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။