ရခိုင်ပြည်နယ်က အကြမ်းဖက်ခံရတဲ့ ဒေသခံ ပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် တောင်ကြီးမြို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး အလှုငွေ ကောက်ခံတာတွေ ပြု လုပ်နေတာပါ။ ဒီကနေ့ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာ တောင်ကြီးမြို့မဈေးကြီးအတွင်းက ကုန်ရောင်း ဝယ်သူတွေနဲ့ ဈေးဆိုင်ခန်းတွေမှာ လိုက်ပြီး အလှုခံထွက်ခဲ့တာဖြစ်ပါတယ်။
အခုလ ၁၅ ရက်အထိ တောင်ကြီးမြို့အတွင်းမှာ အလှုငွေကောက်ခံတာတွေကို ပြုလုပ်မှာဖြစ်ပြီး တော့ လတ်တလောမှတော့ စေတနာရှင်တွေ လှုဒါန်းထားတဲ့ အလှုငွေ ကိုးသိန်းကျော်ရထားတယ်လို့ တရားဥပဒေစိုးမိုးရေး ကွန်ယက်အဖွဲ့ မှသိရပါတယ်။
ရရှိလာတဲ့ အလှုငွေတွေကိုတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပေးအပ်သွားမှာဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့ကနေတဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကို ပြန်လည်လှုဒါန်းနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်ခံရတဲ့ ဒေသခံ ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် အလှူငွေကောက်ခံတာကို တောင်ကြီးဒေသအခြေစိုက် တရားဥပဒေစိုးမိုးရေး ကွန်ယက်၊ ရှမ်းပြည်နိုင်ငံရေးအဖွဲ့၊ တောင်သူလယ်သမား သမဂ္ဂ၊ ရှမ်းပြည်မျိုးဆက်အင်အားစု အစရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စုပေါင်း ကော်မတီဖွဲ့ပြီး အလှူငွေကောက်ခံပေးနေ တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း