• 9 years ago
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီ သမ္မတတို့ဟာ မနေ့က တယ်လီဖုန်းက နေ တဆင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံ တော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တူရကီ သမ္မတရဲ့ တယ်လီဖုန်းခေါ်ဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံစကားပြောခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲအတွက် ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ရခိုင်အရေးကို အမြော်အမြင်နဲ့ ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်လို့ တူရကီသမ္မတက ဆိုပါတယ်။ ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး လူအများဖြန့်ဝေနေတဲ့ ရုပ်ပုံတွေကြောင့် ကမ္ဘာတစ်ဝှမ်းက စိုးရိမ်ပူပန်နေကြတယ်လို့လည်း တူရကီ သမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးရာမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီဒုဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့မဟုတ်တဲ့ သတင်းဓာတ်ပုံကို ဖြန့်ဝေခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီကိစ္စဟာ သတင်းအမှားတွေ ထုနဲ့ထည်နဲ့ ပြန်နှံနေတဲ့ပြဿနာရဲ့ မြင်သာတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တူရကီသမ္မတက ပြောခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်တစ်ခုလုံးကို အကြမ်းဖက်ဝါဒမပြန့်သွားဖို့ အစိုးရကကြိုးပမ်းနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်ဝါဒ အမြစ် မတွယ်ဖို့ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေတွေနဲ့ ပူးပေါင်းသွားမှာလို့ ဒေါ်အောင် ဆန်းစုကြည်က ဆိုပါတယ်။

နိုင်ငံအတွင်းနေထိုင်သူတွေ ဘေးကင်းဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေ ရဖို့အတွက် ဆောင်ရွက်မှာဖြစ် ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာ ရဲ့အကြံပြုချက်တွေကိုအကောင်အထည်ဖော်မယ့် ကော်မတီကိုလည်း ဖွဲ့သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပါတယ်။

တူရကီသမ္မတကတော့ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သိကြောင်းနဲ့ ကူညီပေးဖို့ အသင့်ရှိကြောင်း ၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုပြောပြခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News

Recommended