• 9 years ago
ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ်ကိုးသိန်းငါးသောင်းနီးပါးထိ မြင့်တက်မှုရှိလာခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးအနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၇၀ သာရှိခဲ့ပေမယ့် အခုစက်တင်ဘာလဆန်းပိုင်းမှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၃၈၈ ထိမြင့်တက်မှုရှိလာခဲ့တာပါ။့ပြည်တွင်းရွှေဈေးကတော့ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ကိုးသိန်းခုနှစ်ထောင်ကျော်သာ ရှိခဲ့ရာကနေ အခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ကိုးသိန်းလေးသောင်းခုနှစ်ထောင်ကျော်ထိ ရောက်ရှိလာခဲ့တာပါ။

လက်ရှိမှာ ရွှေဈေးမြင့်တက်နေတာနဲ့ ရွှေတုံးရွှေခဲတွေဝယ်ယူမှုအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားတာကြောင့် အခေါက်ရွှေတုံးဝယ်မှုသာ မြင့်တက်နေတယ်လို့ ရွှေဈေးကွက်သတင်းတွေအရသိရပါတယ်။သြဂုတ်လ လလယ်ပိုင်းလောက်ကစတင်ပြီး ကမ္ဘာ့ရွှေဈေးနဲ့အတူ ဈေးနှုန်းတွေဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးဟာ အခုလဆန်းပိုင်းထိ ဈေးနှုန်းတွေသိသိသာသာကျဆင်းမှုမရှိသေးတာပါ။

အရောင်းအ၀ယ်အနေနဲ့ ပုံမှန်အတိုင်းသာရှိနေပြီး ဒီနေ့ပေါက်ဈေးအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ၉၄၆၀၀၀ ထိဈေးရှိနေတာဖြစ်ပါတယ်။၁၅ပဲရွှေတစ်ကျပ်သားကိုတော့ ၈၉၂၀၀၀ကျော်နဲ့ အရောင်းအ၀ယ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာ။

ရုပ်သံသတင်းထောက် - သန်းဌေးအောင်

Category

🗞
News

Recommended