• 9 years ago
ပုဂံဒေသက မြေအောက်မှာ ပျောက်ဆုံးနေတဲ့ ဘုရားပုထိုးတွေကို နည်းပညာအကူအညီနဲ့ ရှာဖွေ မှတ်တမ်းတင်တော့မယ်လို့ မြန်မာ ဗိသုကာပညာရှင်များအသင်းကနေ သိရပါတယ်။

မနေ့က မြန်မာဗိသုကာ ပညာရှင်များအသင်းမှာပြုလုပ်တဲ့ ပုဂံဒေသ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းကောက်ယူတွေ့ရှိမှုကို ရှင်းလင်းတဲ့ပွဲမှာ အသင်းရဲ့ ဒုဥက္ကဌ ဦးမော်လင်းက ပြောခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်းက ပုဂံမှာ ငလျင်လှုပ်ပြီးတဲ့နောက်မှာတော့ မြန်မာဗိသုကာပညာရှင်များအသင်းက ဦး ဆောင်ပြီး ရှေးဟောင်းနယ်မြေအတွင်းမှာ ဘုရားပုထိုးတွေကို စစ်တမ်းကောက်ယူတာပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ကောက်ယူရာမှာတော့ ( ၃၈၂၂ ) ဆူကို တွေ့ရှိခဲ့ရပြီး ဘုရားပုထိုး ကိုးရာကျော် ထပ်မံ မှတ်တမ်းတင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုရရှိထားတဲ့ မှတ်တမ်းတွေကို ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို)ကို ပေးပို့သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာဗိသုကာပညာရှင်များ အသင်းက ဦးဆောင်ပြီး စစ်တမ်းကောက်ယူရာမှာ ဗိသုကာပညာရှင်တွေပါဝင်တဲ့ အဖွဲ့ (၁၁) ဖွဲ့က တစ် နှစ်ဝန်းကျင် အချိန်ယူ မှတ်တမ်းတင်ခဲ့တာလို့ သိရပါတယ်။

တစ်ဖွဲ့ကို ၄၅ ယောက်ပါဝင်တဲ့ ဗိသုကာပညာရှင်အဖွဲ့က ခြုံနွယ်တွေ ဖုံးနေတဲ့ပုထိုးတွေ၊ မြေဂမူ လိုပြိုပျက်နေတာတွေကို၊ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်း စသဖြင့် မှတ်တမ်းတင်နိုင်ခဲ့တာပါ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended