၁၈ရာစုရဲ့ ဝတ်စုံအပြင်အဆင်တွေနဲ့အတူ တေးသံရှင်အမျိုးသမီးလေးဦးရဲ့ ဆန်းသစ်တဲ့ဖျော်ဖြေမှုတစ်ခုကို အခုလ ၂၃ရက်မှာ ရန်ကုန်မြို့မှာပြုလုပ်သွားဖို့ရှိပါတယ်။ Romantic Opera လို့ နာမည်ပေးထားပြီး တေးသံရှင် ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဝိုင်းလေး၊ ဆိုဖီယာတို့က အော်ပရာပုံစံသီဆိုဖျော်ဖြေမှုတွေကို ပြုလုပ်ကြမှာဖြစ်ပါတယ်။
Romantic Oprea ပွဲကို Dior By Heart Photo Studio ရဲ့လေးနှစ်ပြည့်အဖြစ် ပြုလုပ်ကျင်းပတာဖြစ်တာကြောင့် ဖျော်ဖြေပွဲအပြင် လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်တွေအနေနဲ့ Promotion အစီအစဉ်တွေ၊ Lucky Draw အစီအစဉ်တွေမှာ ပါဝင် ခံစားနိုင်မှာဖြစ်ပါတယ်။
ဒီပွဲကို လာမယ့် စက်တင်ဘာ ၂၃ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ Rose Garden Hotel မှာ ညနေခြောက်နာရီကစပြီး ပြုလုပ်ကျင်းပမှာဖြစ်ကာ အခမဲ့လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်