မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားအရေးယူရန် သမ္မတညွှန်ကြားဆိုတဲ့ သတင်း၊ ဖောက်ခွဲတိုက်ခိုက်မည့်သတင်းများကို ပြည်သူများ စိတ်မပူရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြောဆိုတဲ့ သတင်း၊ ရခိုင်အရေးကုလလုံခြုံရေးကောင်စီသို့ မရောက်ရှိစေရန် မိတ်ဆွေနိုင်ငံများနှင့် အဖျက်စွမ်းအားကြီးမားနိုင်သော အာမာဟာရီကိန်းအတွက် ကာရစ်ဘီယံဒေသများ ပြင်ဆင်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။