မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာယန်ဒရာမိုဒီဟာ ဒီကနေ့ စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကို သွားရောက်ခဲ့ပါတယ်။
သာသနာရေးဝန်ကြီးဌာန သူရဦးအောင်ကိုအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေက အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ရွှေတိဂုံစေတီတော်က အထင်ကရ နေရာတွေကို လိုက်လံပြသခဲ့ကြပါတယ်။
မိုဒီဟာ ရွှေတိဂုံစေတီတော်မှာရှိတဲ့ အောင်မြေနဲ့ သာယာဝတီမင်းခေါင်းလောင်းဆီကိုလဲ သွားရောက် ခဲ့ပါတယ်။
စက်တင်ဘာ ၅ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ မိုဒီဟာ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ပုဂံရှေးဟောင်းဒေသကိုလဲ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ရွှေတိဂုံ စေတီတော် အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အာဇာနည်ကုန်းတို့ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။