• 9 years ago
ပါတီ မဲဆွယ်မှု အစီအစဉ် တစ်ခုမှာ ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်လ်ဟာ ခရမ်းချဉ်သီးနဲ့ ပစ်ပေါက် တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

စက်တင်ဘာ ၅ ရက်က မာကယ်လ်ဟာ ဂျာမနီတောင်ပိုင်း၊ ဟိုင်ဒါလ်ဘာ့ဂ်မှာ ကျင်းပတဲ့ စီဒီယူပါတီ မဲဆွယ်မှု အစီအစဉ် တစ်ရပ်မှာ ပါဝင်ခဲ့ပါတယ်။ စီဒီယူ လွှတ်တော်အမတ် ကားလ်လယ်မာစ်က မိန့်ခွန်း ပြောနေချိန် ဘေးမှာရှိနေတဲ့ မာကယ်လ်ဟာ ခရမ်းချဉ်သီး နှစ်လုံးနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။

ပစ်တဲ့သူက လက်မှန်း မသေချာတဲ့အတွက် ဂျာမနီ အဓိပတိကို တည့်တည့် မထိမှန်ပေမယ့် ခရမ်းချဉ်သီး အရည်တွေကတော့ မာကယ်လ်ရဲ့ အနီရောင် ကုတ်အင်္ကျီကို သွားစဉ်ခဲ့ပါတယ်။ မာကယ်လ်ဟာ အင်္ကျီမှာ ပေနေတဲ့ ခရမ်းချဉ်သီးတွေကို ပြန်သုတ်နေတာကိုလည်း တွေ့ရပါတယ်။

အခြေအနေက နည်းနည်း ရှုပ်ထွေးသွားပေမယ့် ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့သလို လယ်မာစ်ကလည်း သူ့မိန့်ခွန်း အပြီးသတ်တဲ့ထိ အနှောင့်အယှက် မရှိဘဲ ဆက်ပြောသွားခဲ့ကြောင်း သိရပါတယ်။

Category

🗞
News

Recommended