အသက်ကြီးပြီ မိတ်ကပ်လိမ်းရင် မလှဖူးလို့ ပြောနေတဲ့သူတွေကိုဆန့်ကျင်နိုင်ဖို့အတွက် ဒီတစ်ပတ်ရဲ့ The Best Beauty Tips အစီအစဉ်ကနေ အရေးအကြောင်းရှိသူတွေအတွက် မိတ်ကပ်လိမ်းချယ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရေးအကြောင်းတွေ အသားအရည်တွန့်တာတွေ ကြောင့် ဘာမိတ်ကပ်လိမ်းရင် ပိုပြီးသင့်တော်မလဲ၊ မျက်လုံးလေးမှာရော ဘာအရောင်တွေ ထည့်ရမလဲ၊ အရေးအကြောင်းရှိသူတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်တွေက ဘာတွေလဲ ဆိုတာကို ဒီအစီအစဉ်လေးကနေ ဝေမျှပေးထားပါတယ်။
Make Up Artist & Blogger တစ်ဦးဖြစ်တဲ့ မ၀င်းမင်းသန်းနဲ့ 7DayTV တို့ ပူးပေါင်းတင်ဆက်မယ့် The Best Beauty Tips အစီအစဉ်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း 7Day TV မှာစောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။