လမ်းပေါ်မှာ စည်းကမ်းမဲ့ ဈေးရောင်းချသူတွေကို စည်းကမ်းတကျ ရောင်းချဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်စည်ပင်တို့ ပူးပေါင်းပြီး အသိပညာပေးခဲ့ကြပါတယ်။ လှိုင်မြို့နယ်အတွင်းက လမ်းတွေမှာ ပြုလုပ်ခဲ့တာပါ။
လှိုင်မြို့နယ်အတွင်းက အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဘူတာရုံလမ်း၊ သံလမ်းအစရှိတဲ့ လမ်းတွေမှာ ဈေးသည်တွေကို အသိပညာပေးရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဈေးသည်တွေစနစ်တကျဈေးရောင်းချဖို့အတွက် အသက်ဝင်တဲ့ လိုက်နာနိုင်တဲ့ ဥပဒေတွေ ရေးဆွဲရမှာဖြစ်ပြီး ပြည်သူတွေလည်း လိုက်နာနိုင်အောင် စည်းရုံးရမှာဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းကဆိုပါတယ်။
ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်