တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့သစ် နယ်မြေ အတွင်း ဘုရားတောင်နဲ့ လျှိုတောင် ရေချောင်းကြား ကျူး ကျော် နေအိမ်တွေကို စက်တင်ဘာလ ၇ ရက် မနက်ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့တာပါ။
အဲဒီက ကျူး ကျော်အိမ်တွေကို စက်တင်ဘာလ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ စက်တင်ဘာလ ၁ ရက် ရက်စွဲနဲ့ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင် လက်မှတ်နဲ့ နို့တစ်စာ ပေးပြီး ကျန်ရှိတဲ့နေအိမ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်။
၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေခွန်တော်ဥပဒေစည်းမျည်း ၊ နည်းဥပဒေ ( ၁၀) အရ အခွန်တော် အရာ ရှိ အနေ နဲ့ အစိုးရ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေကို တရားရုံးအမိန့်အတိုင်း လက်ရောက်ပြန်ယူတာဖြစ်တယ်လို့ ဦးကျော်အံ့မောင်ကပြောပါတယ်။
မူလက ကျူးကျော်နေအိမ်ဆောက်လုပ်ထားတဲ့ အိမ်ခြေ ငါးဆယ် ကျော်ရှိပြီး နို့တစ်စာ ထုတ်တဲ့ ရက်အတွင်းမှာ ကျူး ကျော်နေထိုင်တဲ့သူတွေက အိမ်ခြေလေးဆယ်ကျော်ကို ဖျက်ပေးခဲ့တာကြောင့် ကျန်ရှိတဲ့ နေအိမ်တချိုကို လာရောက်ဖျက်သိမ်းတာလဲဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း