ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအဆင်ပြေစေဖို့ မိုဘိုင်း Application တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။
အဲဒီ့ Application ကို ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က မိတ်ဆက်လိုက်တာဖြစ်ပြီး စက်တင်ဘာလ ၇ရက် မနေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
FED’s Myanmar လို့ အမည်ပေးထားတဲ့ အဲဒီ့ App ကို Google Playstore ကနေ အလွယ်တကူ Downloadပြုလုပ်နိုင်ပြီး အွန်လိုင်းရော offline နဲ့ပါ အသုံးပြုနိုင်တယ်လို့သိရပါတယ်။ အဲဒီ့ Appပြုလုပ်ဖို့အတွက် FEDနဲ့အတူ ထိုင်းနိုင်ငံရှိ ILOတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ အတွက်သာ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားနိုင်ငံတွေကိုရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အတွက်ပါ ဆောင်ရွက်မယ်လို့ ဦးထူးချစ်ကဆိုပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်