ရုပ်ရှင်သရုပ်ဆောင် မိုးဟေကိုရဲ့ “Moe Fabric House” ချည်ထည်၊ ပိုးထည်ဆိုင်သစ်ပြောင်းရွှေ့ဖွင့်လှစ်ပွဲကို ဒီကနေ့ ရန်ကင်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲကို အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး မိုးဟေကိုနဲ့အတူ အကယ်ဒမီ ထက်ထက်မိုးဦး၊ အကယ်ဒမီ မယ်လိုဒီနဲ့ ပက်ထရီရှာတို့က ဖွင့်ပေးခဲ့ကြတာပါ။
စမ်းချောင်းမြို့နယ်ထဲမှာ ဖွင့်ခဲ့တဲ့ဆိုင်ကို အမှတ် (၁၀)၊ ပြည်သာယာလမ်းနဲ့ ဆေးရုံလမ်းထောင့် ၊ ရန်ကင်းမြို့နယ်မှာ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
ဆိုင်မှာ အထူးဈေးရောင်းပွဲတော်ကိုပါ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၈ရက်နေ့ကနေ ၁၀ရက်နေ့အထိ အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်