Skip to playerSkip to main content
  • 9 years ago
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့်နေရပ်စွန့်ခွာခဲ့ရတဲ့ တိုင်းရင်းသားတွေကို ကူညီနိုင်ဖို့ အတွက် တောင်ကြီးမြို့မှာ ဒီကနေ့ စက်တင်ဘာလ ၈ ရက်မှာတော့ အရပ်ဘက်အဖွဲ့ အစည်း တွေက စုပေါင်းပြီး အလှူ ခံခဲ့ကြပါတယ်။

ရခိုင်မိသားစု သာရေး၊နာရေး အသင်း(တောင်ကြီး) ၊ ရှမ်းတောင် မော်တော်ယာဉ်ဝယ်ရောင်းအဖွဲ့၊ တရားဥပဒေစိုးမိုးရေးကွန်ယက်၊ ရှမ်းပြည်နယ်မျိုးဆက်အင်အားစု အစရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းများ မှ စုစည်းပြီး တောင်ကြီးမြို့ လူစည်ကားရာနေရာတွေမှာ လိုက်လံ အလှူငွေခံခဲ့တာလို့ ရခိုင်မိသားစု သာရေး၊နာရေး အသင်း(တောင်ကြီး) အဖွဲ့ အတွင်းရေးမှူး ဦးဇော်နေ၀င်း ကပြောသည်။

အလှူခံတာကို ငါးရက်ကြာပြုလုပ်မှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေနဲ့ အလှူ ပစ္စည်းတွေကို ရခိုင်ပြည်နယ် ကိုသွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ တရားဥပဒေစိုးမိုးရေးကွန်ယက် အဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်စိုး ကပြောပါတယ်။ တောင်ကြီးမြို့ကစေတနာရှင် ပြည်သူအများထည့်ဝင်ထားတဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်ရရှိထားတယ်လို့ ဦးဝင်းနိုင်စိုးဆီက သိရပါတယ်။

ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended