Skip to playerSkip to main content
  • 9 years ago
အိန္ဒိယနိုင်ငံကို ပဲတင်းသွင်းရောင်းချနိုင်ဖို့ ညှိုနှိုင်းမှုတွေအဆင်မပြေတာကြောင့် ပြည်တွင်းကထွက်ရှိလာတဲ့ ပဲတွေကို အစိုးရအနေနဲ့ ၀ယ်ယူသွားမယ့်နည်းလမ်းကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်ညပိုင်းက နေပြည်တော် က Hilton ဟိုတယ်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ၀န်ကြီးချူပ် မိုဒီ ချစ်ကြည်ရေးခရီစဉ်လာရောက်စဉ်ကလည်း ညှိုနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေးမယ် အဆင်မပြေဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံ သံရုံးတာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံပြီး ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် လိုအပ်ချက်ရှိလာပါက အိန္ဒိယနိုင်ငံအထိသွားရောက်ပြီး ညှိုနှိုင်းမှုတွေတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ပဲစိုက်တောင်သူတွေထံက ထွက်ရှိလာတဲ့ ပဲမျိုးစုံကိုဝယ်ယူသွားမှာဖြစ်ပြီး ဈေးနှုန်းသက်မှတ်ချက်ကိုတော့ ဆွေးနွေးညှိုနှိုင်းပြီး ရန်ပုံငွေဘယ်လောက်သုံးစွဲသွားမယ်ဆိုတာကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended