Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံမှာ စာတတ်မြောက်မှုရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၉၀)ရာခိုင်နှုန်းကျော် ရှိတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ(၈)ရက်က ရန်ကုန်မြို့ အလုံအထက ၄ မှာ ပြုလုပ်တဲ့ ၂၀၁၇ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမတတ်သူပပျောက်ရေးလုပ်ငန်းတွေကို စီမံချက်တွေရေးဆွဲလုပ်ဆောင်နေတဲ့ အပြင် ဒီနှစ်မှာ အရင်နှစ်တွေကထက် ကျောင်းသားကျောင်းသူတွေ ကျောင်းမထွက်ဘဲ ကျောင်းနေမြဲရေးကဏ္ဍကိုပါ အလေးထားပြီးဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၂၀၁၇ ပညာရေးနှစ်မှာ ကျောင်းပြင်ပပညာရေးလုပ်ငန်းတွေအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်(၁၀)ခုရဲ့ မြို့နယ်(၄၇)မြို့နယ်မှာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ဘက်ဂျတ်ငွေ ကျပ်သန်းပေါင်း(၂၈၀)ကျော်သုံးစွဲခဲ့တယ်လို့သိရပါတယ်။

ဒီနှစ်ပညာသင်နှစ်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်(၁၃)ခုရဲ့ မြို့နယ်(၈၁)မြို့နယ်မှာ စာသင်ဝိုင်းပေါင်း(၄၀၀)ကျော်နဲ့ ဆရာဆရာမပေါင်း(၇၇၀)ကျော်က သင်ယူသူ(၇၉၆၀)၀န်းကျင်ကို ကျောင်းပြင်ပမူလတန်း(Level 1)နဲ့ အလယ်တန်းပညာရေး(Level -2)ကို သင်ကြားပေးနေတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended