Skip to playerSkip to main content
  • 9 years ago
ရှေ့နေ့ ဦးကိုနီ သေဆုံးမှုမှာ ပါဝင်ပတ်သက်မှုနဲ့ အဖမ်းခံထားရတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ တရားခံပြေး အောင်ဝင်းခိုင်တို့ရဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုတော်စပ်သူ သက်သေ အပါအဝင် သက်သေသုံးဦးကို ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တစ်ဝမ်းကွဲ ညီအစ်ကို တော်စပ်သူ ကိုဇော်မင်းဦးဟာ အောင်ဝင်းဇော် လေဆိပ်ကို စီးနင်းလာတဲ့ မော်တော်ယာဉ်နဲ့ ဆက်စပ်ပြီး သက်သေအဖြစ် လိုက်ပါ ထွက်ဆိုခဲ့သူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ရုံးချိန်းမှာ အဲ့ဒီအခြေအနေကို ဆက်လက် စစ်ဆေးသွားမယ်လို့ ဦးရောဘတ်စန်းအောင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုဆိုရင် တရားလိုသက်သေ ရှစ်ဆယ်ဦးမှာ သက်သေ ၃၃ ဦးကို စစ်ဆေးပြီးပြီ ဖြစ်ပြီး သေနတ်သမား ကြည်လင်း ကတော့ လက်ရှိမှာ လ.၀.က အမှုနဲ့ ထောင်တနှစ် ပြစ်ဒဏ်ကျခံနေရတယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended