မည်သည့် အကြမ်းဖက်မှုမျိုး ကိုမဆိုပြင်းထန်စွာရှုံ့ချပြီး ကာကွယ်တားဆီး မှုတွေကို ပြုလုပ်သွားမယ်လို့
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူဦးမင်းကိုနိုင်က ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၇ရက်ကစပြီး နှစ် ရက်တာ ကျင်းပတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ စတုတ္ထကြိမ်မြောက် နယ်ကွန်ယက်များ စုံညီတွေ့ဆုံပွဲ အပြီးမှာ ပြောကြားခဲ့တာပါ။
အဲဒီပွဲကနေ ဆုံးဖြတ်ချက် ခြောက်ခုကို ချမှတ်ခဲ့ပြီး၊ အဲဒီချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်း အင်တိုက်အားတိုက် ပါဝင်ကူညီသွားမှာဖြစ်သလို၊ အခု ၈၈ မျိုဆက်ငြိမ်းပွင့် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ကို မှတ်ပုံတင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက်အနေနဲ့ ဒီမိုကရေစီဖက်ထရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို လည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း
ဦးမင်းကိုနိုင်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်