ရွှေတောင်လုပ်ငန်းစုက ၉၃ နဲ့ ၉၄ ကျောင်းမြောက် RC တစ်ထပ်ကျောင်းဆောင်သစ်တွေ ဆောက်လုပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၉ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းနဲ့ ဘီးလင်းမြို့နယ် ကော့ကဒွတ်စံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ရွှေတောင်လုပ်ငန်းစု ဥက္ကဌ ဦးအိုက်ထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။
ဆုပညာဗိမာန်ဥက္ကဌဆရာကြီး ဦးနေအုပ်နဲ့ အလှူရှင်တွေကလည်း ကျောင်းသူကျောင်းသားတွေအသုံးပြုဖို့ ကျောပိုးအိတ် ၇၈၂ လုံးနဲ့ ဗလာစာအုပ် ၅၀၀ ဒါဇင် တို့ကို ကျောင်းအုပ်ကြီးတွေထံ ပေးအပ် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ရွှေတောင်လုပ်ငန်းစု အနေနဲ့ ဒီလို ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ကျောင်းပေါင်း ၁၀၀ အထိ ဆောက်လုပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကင်မရာ-ကျော်ဇင်ထွန်း