Skip to playerSkip to main content
  • 9 years ago
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အချို့မှာ အရပ်ဘက်အုပ်ချုပ်ရေးကို ပုံမှန်ဆောင်ရွက်နိုင်တဲ့ အခြေနေမရှိတော့တဲ့ အတွက် ပုဒ်မ၁၄၄ ထုတ်ပြီး ထိန်းသိမ်းရတဲ့ အခြေနေဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းတာကို ပြသနေတဲ့ သက်သေလို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာပြည်ခိုင်ဖြိုးပါတီက ပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

အဲဒီ့ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေ၊ ပညာရှင်အချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့တက်ရောက်ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ဆွေးနွေးကြတာဖြစ်ပါတယ်။ ဆွေးနွေးကြသူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို သမိုင်းဆိုင်ရာ အထောက်အထားတွေနဲ့ဆွေးနွေးတာတွေ၊ ၁၉၈၂မြန်မာနိုင်ငံသား ဥပဒေကို မပြင်ဆင်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးကြတာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးသန်းဌေးက ရခိုင်ဒေသဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ ပူးတွဲပြီး ထုတ်ပြန်တဲ့ သဘောထားတွေ၊ ထုတ်ပြန်ချက်တွေကိုလည်း တာဝန်ရှိသူတွေဘက်က လိုလိုလားလား ဆောင်ရွက်မှုမျိုး မရှိသလောက်ဖြစ်ခဲ့တယ်လို့လည်း ပြောကြာခဲ့ပါတယ်။

အဲဒီလို တိုက်တွန်းချက်တွေ ဆောင်ရွက်တာကို မီးလောင်ရာလေပင့်တယ်လို့ စွပ်စွဲခံရတာတွေရှိခဲ့ပြီး အမှန်တကယ် မီးလောင်ရာ လေပင့်လုပ်နေတာက တာဝန်သိနိုင်ငံရေးပါတီတွေ မဟုတ်ဘဲ ပြည်တွင်းပြည်ပ မီဒီယာအချို့သာဖြစ်တယ်လို့လည်း ဦးသန်းဌေးက ပြောကြားခဲ့ပါသေးတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended