Skip to playerSkip to main content
  • 9 years ago
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် ပြည်ခိုင်ဖြိုးပါတီက နှုတ်ထွက်သွားတာက သူ့ရဲ့သဘောဆန္ဒအလျောက်သာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးတီခွန်မြတ်က သြဂုတ်လ ၁၈ရက်မှာ ပါတီကနေနှုတ်ခွင့်ပေးဖို့ အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အကြောင်းကြားလာတာကို ပြည်ခိုင်ဖြိုးပါတီက စက်တင်ဘာ၆ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ နှုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ဦးတီခွန်မြတ်ပါတီကနှုတ်ထွက်သွားတာက ပါတီနဲ့ တစုံတရာ ပြဿနာပေါ်ပေါက်ပြီး ထွက်တာ မဟုတ်ဘူးလို့လည်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ လက်ရှိပါတီဝင်ဦးရေ ၅သန်းကျော်ရှိပြီး ပါတီဝင်တွေ ထပ်မံဖြည့်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended