Skip to playerSkip to main content
  • 9 years ago
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ စက်တင်ဘာလ ၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အူလမ်း ကြောင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန် ပါ တယ်။

သမ္မတဦးထင်ကျော် ဟာ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ အူလမ်းကြောင်း မှာ (ColonicPolyp) ဆိုတဲ့ ဖြစ်စဉ် တွေ့တာကြောင့် ခွဲစိတ်ကုသခဲ့ရပြီး အဲဒီ ခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီ (ColonicPolyp) ဆိုတဲ့ ဖြစ်စဉ်ဟာ အူလမ်းကြောင်းမှာ အသားပိုတွေ တွေ့ရတဲ့ ဖြစ်စဉ်လို့ ဆေးပညာရှင်တွေကို မေးမြန်းမှု အရ သိရပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ ရခိုင်အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို နေပြည်တော်က သမ္မတအိမ် တော်မှာ စက်တင်ဘာလ ၆ ရက်က ပြု လုပ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ အသက်(၇၁)နှစ် ရှိပြီဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရဲ့ ကိုးဦးမြောက် သမ္မတ ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီချုပ်အစိုးရ အာဏာရချိန်မှာ သမ္မတအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News

Recommended