တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသားတွေ စိတ်ဓာတ်ခွန်အားရစေဖို့ ရည်ရွယ်ပြီး ဒဂုံ ဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ ရောင်ခြည်သစ် အခမဲ့ပညာရေး သင်တန်းမှာ သင်တန်း နှစ်ရက်တာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းကို စက်တင်ဘာလ ၆ ရက်က စခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒဂုံဆိပ်ကမ်း မြို့နယ် တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်နဲ့ ရောင်ခြည်သစ် အခမဲ့ပညာသင်ကျောင်းတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ။ ယူကေမှာ ဘောဂဗေဒ ပညာရပ်ကို သင်ကြားပေးနေသူ ကိုညီညီအောင်က မြန်မာနိုင်ငံကို ခေတ္တခဏပြန်ရောက်ချိန်မှာ ကျောင်သားလူငယ်တွေရဲ့ တွေးခေါ်မှုပိုင်းတွေ ပိုမိုအားကောင်းလာစေဖို့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကို ရောင်ခြည်သစ် အခမဲ့ ပညာရေးသင်တန်းမှာ သင်ကြားပေးခဲ့တာပါ။
ကိုညီညီအောင် ယူကေမှာ ဘောဂဗေဒပညာရပ်သင်ကြားပေးနေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေကို ဆက်လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်