မြန်မာနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပုံမှန်ခရီးသွားလာမှုနှုန်းဟာ တိုးတက်နေပြီး အခုနှစ် ပထမနှစ်ဝက်မှာတင် ပြီးခဲ့တဲ့ နှစ်ထက် ၂၈ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စကာင်္ပူခရီးသွား လုပ်ငန်းအဖွဲ့ မှ သိရပါတယ်။
စကာင်္ပူနဲ့ မြန်မာ နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ရက်ကနေစပြီး ဗီဇာကင်းလွတ်ခွင့် ပြုခဲ့တာပါ။ အဲဒီလို ကင်းလွတ်ခွင့် ပြုပြီးတဲ့ နောက်ပိုင်းမှာတော့ စကာင်္ပူကို မြန်မာနိုင်ငံက ဧည့်သည် ဝင် ရောက်မှုဟာ ဗီဇာစတင်ကင်းလွတ်ခွင့်ပေးခဲ့တဲ့ ဒီဇင်ဘာလ တစ်လထဲမှာတင် လေးဆယ်ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအနေနဲ့ ရည်မှန်းချက်ထားနေပြီး အခုနှစ်ရဲ့ ခရီးသွား ရာသီ ဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ လတွေမှာ မြန်မာခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့အတွက် စကာင်္ပူ ပွဲ တော်ကို စက်တင်ဘာလ ၇ ရက်ကနေ ၁၀ ရက် အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံကနေ စကာင်္ပူကို သွားရောက်လည်ပတ်သူ တစ်သိန်း တစ်သောင်းကျော် ရှိခဲ့ ပြီး အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စာရင်းတွေအရ မနှစ်က ထက် ၂၈ ရာခိုင်နှုန်းထိ တိုးမြင့်လာတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ