Skip to playerSkip to main content
  • 9 years ago
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ကိုဖီအာနန် ကော်မရှင် တင်ပြတဲ့ အကြံပြုချက်တွေအတွက် မြန်မာအစိုးရ ကို ကူညီဖို့ အမေရိကန်လိုလားဆိုတဲ့သတင်း ၊ တောင်တွင်းကြီး ဆူပူမှုနဲ့ ဆက်နွယ်တဲ့ လူငယ်ငါးဦး ကို ဖမ်းဆီးစစ်ဆေး ဆိုတဲ့သတင်း ၊ ဦးဝီရသူ ပါဝင်တဲ့ ဘားအံဟောပြောပွဲ စီစဉ်သူတွေကို အရေးယူမယ်ဆိုတဲ့သတင်း ၊ တားဆီးပိတ်ဆို့မှုတွေ ထပ်မံချမှတ်ပါက အမေရိကန် ဟာ အကြီးမားဆုံး နာကျင်ခံစားရမယ်လို့ မြောက်ကိုရီယား သတိပေး ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။

မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။

Category

🗞
News

Recommended