ခုရက်ပိုင်း လူမှုကွန်ရက်တွေမှာ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်နေတာကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ အရေးကြီးကာလ အဖြစ် သတ်မှတ်ပြီး လုံခြုံရေးကို အရင်ကထက်တိုးမြှင့်ထားတယ်လို့သတင်းရရှိပါတယ်။
လုံခြုံရေးအင်အားတွေကို အရင်ကထက်တိုးမြှင့်ထားပြီး လှည့်ကင်း၊ ရပ်ကင်းတွေနဲ့ ခရိုင်အလိုက်နယ်မြေတွေ သတ်မှတ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတိုးမြှင့်တာကို စက်တင်ဘာ၁၀ရက်က စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အမှတ်(၂) ရဲလုံခြုံရေးကွပ်ကဲမှုအဖွဲ့ လက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို အင်အားပြည့်ဆောင်ရွက်နေပြီး အသင့်အနေအထား ရှိနေတယ်လို့လည်း ဒုရဲမှူး သက်နိုင်ဦးကပြောပါတယ်။ လုံခြုံရေးတိုးမြှင့်မှုကို နေ့ရော ညပါဆောင်ရွက်နေတာဖြစ်ပြီး အဲဒီလိုဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ ထူးခြားဖြစ်စဉ်မျိုး မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှု တွေ လုပ် ဆောင်ဖို့ စီစဉ်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားတာ ရှိပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်