Skip to playerSkip to main content
  • 9 years ago
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းဆပ်ကပ်လှူဒါန်းမှုကို ဒီကနေ့ စက်တင်ဘာ၁၂ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမေဝင်းမြင့်၊ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့်၊ ဦးဖြိုးမင်းသိန်းတို့နဲ့ အတူ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပဏ္ဍိတာရာမ ရွှေတာင်ကုန်းသာသနာ့ရိပ်သာ မဟာနာယက ဘီးလင်းဆရာတော်ဘုရားကြီးအမှူးပြုတဲ့ သံဃာတော် ငါးပါးကို ဆွမ်း နဲ့ သင်္ကန်းပရိက္ခရာတွေကို ဦးအောင်ရွှေ မိသားစုဝင်တွေ နဲ့ ဗဟိုအလုပ်အမှုဆောင်တွေက ဆပ်ကပ်ခဲ့ကြပါတယ်။

ဦးအောင်ရွှေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကလဲ တပ်မတော်မှာ ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာမှာ အရွေးချယ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ထိန်းသိမ်းခံရချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။

အသက် (၉၉)နှစ်အရွယ် ဦးအောင်ရွှေဟာ သြဂုတ် ၁၃ ရက် ညက လူကြီးရောဂါနဲ့ ရန်ကုန်က ဝိတိုရိယဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News

Recommended